International News

တရုတ်နိုင်ငံ Beibu Gulf Port Group က မြန်မာနိုင်ငံမှ မြေပဲဆံဝယ်ယူရန် မေးမြန်း စုံစမ်းလာ

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အစိုးရပိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Beibu Gulf Port Group က  မြန်မာနိုင်ငံမှ မြေပဲဆံများမှာ အောက်ဖော်ပြပါ အရည်အသွေး များနှင့် ပြည့်စုံပါက ဝယ်ယူလိုကြောင်း၊ ပထမဆုံးအနေဖြင့် တန်ချိန် (၄၀)မှ တန်ချိန်(၁၀၀)အကြား စတင်တင်သွင်း၍၊ နောက်ပိုင်း၌ ပုံမှန်မှာယူသွားမည်ဖြစ် ကြောင်းဆက်သွယ်လာပါသည် -

                   (က)   Grade: JAVA 70-80/OZ

                   (ခ)     Splits: 2% Max

                   (ဂ)     Moisture: 5% Max

                   (ဃ)   Impurity: 1% Max

                   (င)     Aflatoxin: 15PPB Max

                   (စ)     Acid Value: 1% Max

                   (ဆ)   Oil Content: 49% Min

                   အထူးမှတ်ချက် - No Stone, No earth, No Peanut in Shell

          ၎င်း Beibu Gulf Port Group မှာ မြန်မာနိုင်ငံမှ ပဲတီစိမ်းနှင့် နှမ်းများကို ဝယ်ယူလိုကြောင်း ယခင်ကလည်း ဆက်သွယ်ခဲ့ဖူးပြီး၊ ယခုအခါ တရုတ်နိုင်ငံသို့ ပဲတီစိမ်း စမ်းသပ်တင်သွင်းမှုကို စတင်တော့မည်ဖြစ်ပါသည်။

Beibu Gulf Port Group မှ လိုအပ်သော အရည်အသွေးအတိုင်း မြေပဲဆံရောင်းချနိုင်သူများသည် ကုမ္ပဏီ၏ အချက်အလက်များအား စီးပွားရေးသံမှူး (နန်နင်းမြို့) ထံသို့ [email protected] နှင့်  economicatttachenanning@ gmail.comမှတဆင့် ပေးပို့နိုင်ကြပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်း)

Category: International News